" Promote Technology towards Innovation"

တီထွင်ဆန်းသစ်နည်းပညာမြင့်


တက္ကသိုလ်၏မျှော်မှန်းချက်


အင်ဂျင်နီယာပိုင်းဆိုင်ရာ ပညာရပ်များကို ကျွမ်းကျင်တတ်မြောက် တီထွင်ဖန်တီးတတ်ပြီး ကျင့်ဝတ်စောင့်ထိန်း၍ သက်ဆိုင်ရာနယ်ပယ်တွင် လက်တွေ့အသုံးချနိုင်သော အင်ဂျင်နီယာများကို မွေးထုတ်ပေးနိုင်သည့် နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ် တစ်ခုဖြစ်လာစေရန်။

အရည်အသွေးမူဝါဒ


တက္ကသိုလ်၏ လုပ်ငန်းအဆင့်တိုင်းတွင် ရည်မှန်းချက်များ အောင်မြင်ခြင်း ရှိ၊မရှိကို တက္ကသိုလ်အတွင်း အရည်အသွေး အကဲဖြတ်အဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်မည်။

အစဉ်အမြဲတိုးတက်မှုရှိသောအဖွဲ့အစည်းဖြစ်စေရန် စီမံဆောင်ရွက်မည်။

တက္ကသိုလ်၏ခံယူချက်


၁။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောအရည်အသွေးပြည့်ဝသည့် အင်ဂျင်နီယာလူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရန်။

၂။ ပြည်တွင်းပြည်ပတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်။

၃။ တက္ကသိုလ်တွင်းရှိ ကျောင်းသား/သူများ၏သင်ကြားသင်ယူမှုနှင့်ဝန်ထမ်းများ၏ တိုးတက်ဖွံ့ဖြိုးမှုတို့အတွက် လိုအပ်ချက်များကို ဖော်ထုတ်၍ ဖြည့်ဆည်းရန်။

၄။ တက္ကသိုလ်တွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသောအင်ဂျင်နီယာဘာသာရပ်များအား သက်ဆိုင်ရာပြည်တွင်း၊ပြည်ပအသိအမှတ်ပြုအဖွဲ့အစည်းများ၏ အရည်အသွေးစိစစ်အသိအမှတ်ပြုမှုရရှိရေးဆောင်ရွက်ရန်။